Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကူးမြို့နယ်အတွင်းရှိ မဲရုံများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများထုတ်ပေး
Nov 06,2020
စဉ့်ကူးမြို့နယ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအား ယနေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ် စည်ပင်သာယာခန်းမ၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအားစစ်ဆေး
Nov 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ ဖြန့်ဝေ
Nov 06,2020
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် အတွက် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီက အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ စတင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Nov 06,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများတို့နှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကောက်ယူ
Nov 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ လာရောက်နိုင်ခြင်းမရှိသည့်အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်းဖြစ်နေသူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ယာယီမဲရုံများ ဆောက်လုပ်ပြီးစီးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ(၈)ရက်နေ့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ဒဂုဏ်လွင်လမ်းနှင့် ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်ရှိ ဗျိုင်းရေအိုးစင်လမ်းတို့တွင် ယာယီမဲရုံများ ဆောက်လုပ် ပြီးစီးနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်ရှိန် နှင့် ဦးဌေးအောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မ ဈေးနှင့်အောင်ဆန်း ရပ်ကွက် ဈေးအတွင်း၌ ဈေးရောင်းချသူဈေးသည်များ (mask) နှာခေါင်းစည်းနှင့် မျက်နှာက (face shield) များ စနစ်တကျတပ်ဆင်ရောင်းချစေရေး၊ ဈေးရောင်းဈေးဝယ်ပြည်သူများ အားလုံး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရေးကွင်းဆင်းစစ်ဆေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၅)ဦး ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု
Nov 06,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ(၅)ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28331
Page
28332
Page
28333
Page
28334
Current page
28335
Page
28336
Page
28337
Page
28338
Page
28339
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department