အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကန်လျားရှည်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသောကာလအတွင်း လူမှုစီးပွား အခက်အခဲနှင့် ကြုံတွေ့နေရပြီး ဝင်ငွေ နည်းပါးသော အသက်(၈၀)နှစ်အထက် အသက်ကြီးပိုင်းများ ပါဝင်သော အိမ်ထောင်စုများနှင့် မသန် စွမ်းသူများ ပါဝင်သော အိမ်ထောင်စုများအား ယမန်နေ့ နံနက်ပိုင်းက Worldview International Foundation (WIF) အဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 06,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့က ဆိတ်ဖူးတောင်ကျေးရွာ အုပ်စု၊ ကမ်းနီကျေးရွာအုပ်စုအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Nov 06,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ကျန်းမာရေး
Nov 06,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးမည့် ဦးရေ ၅၉၁၂၄ ဦးရှိသည့်အနက် နိုဝင်ဘာလ ၄ ရက် နေ့ထိ ၅၇၄၆၈ ဦး ကြိုတင်ဆန္ဒမဲပေးပြီး၍ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၂ ရာခိုင်နှုန်း ဆန္ဒမဲပေးပြီးကြောင်း ဘားအံ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Nov 06,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေ၊ တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၄ ရက်နေ့က ထားဝယ်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ယာယီမဲရုံ တည်ဆောက်ထားရှိမှုအား ယမန်​နေ့က နေပြည်တော်ကောင်စီဝင်ဦးညီထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ (၈၄၈၃)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Nov 06,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက်မဲရုံများပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများ ကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။