အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် Quarantine ဝင်ရောက်နေသူ မဲဆန္ဒရှင်များ မှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက Quarantine များ တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Nov 06,2020
အင်းစိန်ခွဲစိတ်ခန်းတွင်လိုအပ်နေသော မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းတို့ ခွဲစိတ်ရာတွင် အသုံးပြုသော (PAPR) စက်တစ်စုံကို ယနေ့ နံနက်  ၉ နာရီက အင်းစိန်ဆေးရုံကြီးတွင် မြန်မာ့ ရုပ်မြင်သံကြားနှင့်
Nov 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Nov 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများမီးဘေးလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေးဆောင်ရွက်ခြင်းကို အင်တောမြို့ နယ်မြေမီးသတ်စခန်းမှ နိုဝင်ဘာ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 06,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံသုံးပစ္စည်းများဆက်လက်ထုတ်ပေးခြင်းနှင့် ဆန္ဒမဲပေးရာတွင် အသုံးပြုရန်အတွက် ဆန္ဒပြုမဲလက်မှတ်များ၊ ကိုဗစ်−၁၉ ရောဂါကာကွယ် ရေး သုံးအထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စာရင်းစစ်ရုံး၌ မြို့နယ် ရွေးကောက်ပွဲတာဝန်ရှိသူများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး တွင် ပြည်သူများ စိတ်ချလုံခြုံစွာ မဲပေးနိုင်ရေး အတွက် မဲရုံများမီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 06,2020
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေ အနေများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်မင်းဌေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက နိုဝင်ဘာလ ၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။