Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လွိုင်ကော်မြို့နယ်အတွင်းရှိ Community Based Facility Quarantine နေရာများ၌ ဝင်ရောက်နေသော ပြည်သူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ပေး
Nov 06,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်ထားရှိသည် Community Based Facility Quarantine များတွင် ဝင်ရောက်နေသော ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်မှစပြီး ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည့် မဲရုံများကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
Nov 06,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိ သတ်မှတ်မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဥ် ဖြင့်စိုက်ပျိုးဆောင်ရွက်ထားသော မိုးစပါးဆင်းဧကရီ-၃ (RS-CS) မျိုးစေ့ထုတ်စိုက်ကွက်များအောင်မြင်ဖြစ်ထွန်…
Nov 06,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အစီအစဉ် CERP စိုက်ပျိုးဆောင်ရွက်ထားသော မိုးစပါးဆင်းဧကရီ-၃ (RS-CS) မျိုးစေ့ထုတ်စိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား ချိပ်ပိတ်ထားသော ကြိုတင်ဆန္ဒမဲပုံးများအတွင်း ထည့်သွင်း
Nov 06,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား ချိပ်ပိတ်ထားသော ကြိုတင်ဆန္ဒမဲပုံးများအတွင်း ထည့်သွင်းခြင်းကို ယမန်နေ့က အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဖြစ် ယာယီဖွင့်လှစ်ထားသော ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် (၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်း ထောင့်ရှိ အမြောက်တန်းသစ်လွင်ဓမ္မာရုံတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ ရွေးကောက်ပွဲလုံခြုံရေးနှင့် မဲရုံကြိုတင်ပြင်ဆင်မှုဆိုင်ရာ တာဝန်ခွဲဝေချထားမှုများ ဆွေးနွေး
Nov 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲလုံခြုံရေးနှင့် တာဝန်ခွဲဝေချထားမှုအပေါ် ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆန္ဒမဲလက်မှတ်များနှင့် ကျန်ရှိသော မဲရုံသုံး ပစ္စည်း များထုတ်ပေး
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ်များကို မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယမန်နေ့နံနက်(၉) နာရီ က ဆန္ဒမဲလက်မှတ်များနှင့် ကျန်ရှိသောမဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှနေရပ်ပြန်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး
Nov 06,2020
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲလက်မှတ်များ သွား ရောက်ထုတ်ပေး
Nov 06,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရပ်ကွက်/ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မဲဆန္ဒနယ်မြေအတွင်းရှိ မဲရုံအသီးသီးသို့ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အလိုက်ဆန္ဒမဲလက်မှတ်များ ထုတ်ဝေဖြန့်ချီမှုကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က သွားရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28351
Page
28352
Page
28353
Page
28354
Current page
28355
Page
28356
Page
28357
Page
28358
Page
28359
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department