အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအလိုက် ခွဲဝေထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ထီမန်ကျေးရွာရှိ ယာယီမဲရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ကြိုတင်ပြင် ဆင်ထားရှိမှုအား ယမန်နေ့ညနေ ၄ နာရီအချိန် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
Nov 06,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးကြမည့် မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀နာရီ က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Nov 06,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒပြုမဲလက်မှတ်များအား နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Nov 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့မှ ရပ်ကွက်အတွင်းရှိ မဲရုံများပြင်ဆင်ထားမှုအခြေအနေများနှင့် ကြိုတင်ဆန္ဒမဲ ပေးနေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
Nov 06,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေဦးဆောင်၍ ကော်မတီဝင်များမှ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ပုသိမ်ကြီးမြို့ ဗောဓိဉာဏဓမ္မရိပ်သာတွင် Quarantine ဝင်ရောက်သီတင်းသုံးနေသည့် သံဃာတော်များအား အာဟာရဒါနဆွမ်းများ ဆက်ကပ်လှူဒါန်းလျှက်ရှိသည်။
Nov 06,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများသို့ နိုဝင်ဘာလ ၅ ရက်နေ့က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းပြီး ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 06,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပြင်ဆင် ဆောက်လုပ်နေမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။