အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာ ပြည်သူများအတွက် ကျေးရွာမြေငှား ဂရန်များ လက်ဝယ်အရောက်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျောက်စုကျေးရွာ RC ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
Nov 04,2020
၂၀၂၀ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲအတွက် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ် နှင့် အထက်မဲဆန္ဒရှင် ပြည်သူများသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများက စီစဉ်သည့်မဲရုံ ( ၁၃၆ )ရုံ၌ ကြိုတင်မဲများကို ပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီအထိ မဲပေးပြီးသူ (၂၈၁၇၂ )ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Nov 04,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့ နံနက်ပိုင်းက မြို့နယ် ခန်းမဆောင်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရွှေလှေသောင်ကျေးရွာအုပ်စု လက်ပံ့ကျွန်းကျေးရွာ၌ အောက်တိုဘာ ၃ ရက်နေ့ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ သည့် နေအိမ်(၁)လုံး လူဦးရေ(၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျေးရွာပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 04,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆန္ဒမဲပေးသူများ အဆင်ပြေစေရေး၊ မှန်ကန်မှု ရှိစေရေးနှင့် လုံခြုံမှုရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Nov 04,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(တာဝန်ခံ) ဦးညွန့်စိန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကျိုင်းတုံမြို့နယ်ရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်  တွင်ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ဌာနဆိုင်ရာများ၊  အရပ်ဖက်အဖွဲ့အစည်းများပူး ပေါင်းပါဝင်သောကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှအသိပညာပေးခြင်း၊စည်းကမ်းလိုက်နာမှုမရှိသူများအား ဒဏ်ငွေပေးဆောင် စေခြင်းများ ကိုယမန်နေ့မနက်(၉)နာရီကစ၍ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။