အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူများက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ထုတ်ပေးလျက်ရှိသည်။
Nov 04,2020
၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများနှင့် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Nov 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အ.လ.က(၃) Quarantine Center တွင် Quarantine ဝင်ရောက်ရန် ကျား(၁၀)ဦး၊ မ(၁)ဦး ယမန်နေ့က အသစ် ထက်မံရောက်ရှိခဲ့ကြောင်း သိရှိရသည်။
Nov 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အဆင့်ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီတို့တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 04,2020
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် အုပ်ချုပ်ရေး မှူးများနှင့်အတူ ယနေ့ နေ့လယ်(၁)နာရီခွဲက ရွှေဘိုမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သီးသန့်လူနာဆောင် အမှတ်(၂) တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းငွေ (၈၈၂၁၄၅၀ဝိ)ကျပ်ဖြင့် VENTILATOR(အသက်ရှူစက်)(၂)လုံး၊ လူနာကုတင်(၁၄)လုံးနှင့် အောက်ဆီဂျင်ဖြည့်စက်များအား (ဒုတိယ)အကြိမ် ထပ်မံဝယ်ယူပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ရွှေဘိုမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ အခုလို အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်လှူဒါန်းပေးကြရာတွင် (ပထမ)အကြိမ် VENTILATOR (အသက်ရှူစက်)(၃)လုံးတို့အပြင် ယခု ထပ်မံအသက်ရှုစက် (၂)လုံး စုစုပေါင်း VENTILATOR (အသက်ရှူစက် (၅)လုံးရှိလာပြီ ဖြစ်တဲ့အတွက် အလှူရှင်များကို မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်းနှင့် COVID-19 ရောဂါ မပြန့်ပွားမကူးစက်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ အားလုံး အလေးထား ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားပြီး ကုသရေးအပိုင်းတွင် ထပ်မံ လိုအပ်သည့်ပစ္စည်းများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင်ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများမီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေး အန္တရာယ်လုံခြုံ ရေးစစ်ဆေးခြင်းကို ပိုင်ကျုံမြို့ မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်
Nov 04,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း ၃၀၅၄ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။