Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီပေါမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်(၅)ဦးမှ ရန်ကုန်မြို့သို့ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် သွားရောက်ကူညီမည်
Nov 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မှ ရန်ကုန်မြို့သို့ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် သွားရောက်ပူးပေါင်းပါဝင် ကူညီမည့် ကြက်ခြေနီ တပ်ဖွဲ့ဝင် (၅)ဦးအား ချီးကျူးဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ဖျားနာကုဆေးခန်းသို့ Shwe Shwe LAB & PHARMACY မှ ငွေကျပ်(၁)သိန်း လာရောက် လှူဒါန်း
Nov 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ မြို့နယ်ခန်းမတွင် ဖွင့်လှစ်ထားသော ဖျားနာကု ဆေးခန်း သို့ Shwe Shwe LAB & PHARMACY မှ ငွေကျပ်(၁)သိန်းကို ယနေ့ နံနက်(၉)နာရီအချိန်က လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် သထုံမြို့နယ်၌ ရပ်ကွက်ကျေးရွာအသီးသီးသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများ ထုတ်ပေး
Nov 04,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့၌ ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲ လက်မှတ် များနှင့် မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့ မန်ခေါက်ကျေးရွာအုပ်စု၊ မန်ခေါက်ကျေးရွာတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များ ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ…
Nov 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ မန်ခေါက်ကျေးရွာအုပ်စု၊ မန်ခေါက်ကျေးရွာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က မန်ခေါက်ကျေးရွာ မဲရုံအမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် အညီ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ အိတ်ချ်ပီဗီ၊ ဆုံဆို့နာနှင့် ပိုလီယိုကာကွယ်ဆေး ထိုးနှံပေး
Nov 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်တစ်နှစ်ခွဲမှ ဆယ့်ငါးနှစ်အောက်၊ အသက်ကိုးနှစ်၊ ဆယ်နှစ် ကလေးငယ်များကို အိတ်ချ်ပီဗီ၊ ဆုံဆို့နာ၊ ပိုလီယိုထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာလအတွင်း တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်း…
Nov 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန်အတွက် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ယမန်နေ့က ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာတွင် မတည်အလှူငွေကျပ် သိန်း၁၀၀ဖြင့် လေးလက်မ စက်ရေတွင်း တူးဖော် အောင်မြင်ပြီးစီး
Nov 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာတွင် နွေရာသီသောက် သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ခန္တီဝံသာရာမကျောင်းဆရာတော် အရှင်ခေမိန္ဒဦးဆောင်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ယန္တရားကူညီမှုဖြင့် လေးလက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ကို ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်တွင် အသက် (၆၀) နှစ်နှင့်အထက် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲ လာရောက်ပေး
Nov 04,2020
၂၀၂၀ ပြည်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နေ့တွင် တောင်သာမြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်အသီသီးအတွက် အသက် (၆၀) နှစ်နှင့်အထက် အဘိုးအဘွားများကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ကြိုတင်ဆန္ဒမဲများ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ(၃)ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် ရုံးများတွင် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးနေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28380
Page
28381
Page
28382
Page
28383
Current page
28384
Page
28385
Page
28386
Page
28387
Page
28388
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department