အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးရန် နှာခေါင်းနှင့်အာခေါင်တို့ပတ်ရယူခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ မြို့နယ် အတွင်းရှိ Quarantine Center များတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ သွားရောက် ဆောင်ရွက်ခဲ့သည်။
Nov 03,2020
ကျောက်မဲမြို့ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည့် အသက်(၁၈)နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ (Case -40009) အမျိုးသားတစ်ဦးသည် ယမန်နေ့နံနက် ၁၀နာရီ ခွဲအချိန်က ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးပြီး အသက်(၂) လမှ တစ်နှစ်အောက်က‌လေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန် ကာကွယ် ဆေးထိုးနှံခြင်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
Nov 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့‌၌ အသက်(၈၅)နှစ်အထက်ရှိ အဘိုးအဘွားအား ယနေ့နံနက် (၈)နာရီခွဲက မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်းဝင်များက ပူဇော်ကန်တော့ခဲ့ကြောင်းသိရသည်။
Nov 03,2020
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ စစ်ဆေးချက်အဖြေအရ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ရောက်ရှိလာသည့် တောင်သာမြို့ ရေလည် CBFQ တွင်ထားရှိသူ(၇)ဦးနှင့် ရွှေပြည်တော်ကျေးရွာအထက ကျောင်း CBFQ တွင်ထားရှိသည့်(၆)ဦး၊စုစုပေါင်း(၁၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ရုံးစည်ကြီးတိုက်နယ်ဆေးရုံတွင်(၃)ဦးနှင့် တောင်သာပြည်သူ့​ဆေးရုံတွင်(၁၀)ဦးတို့အား အောက်တိုဘာလ(၂၄)ရက်၊ ညနေ(၆)နာရီခွဲအချိန်က ပြောင်းရွေ့ ကုသပေးလျက်ရှိကြောင်းသိရသည်။
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ တွင် ကြိုတင်မဲပေးနေမှုများအား ယနေ့ နံနက်ပိုင်းက ခန္တီးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးဇော်ထွန်းနိုင်၊ ဟုမ္မလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
Nov 03,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်နယ်အဆင့်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁၃ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။