အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်တွင် မြို့သစ်မြို့၊ မင်းသာစံပြကျေးရွာ၌ ကွန်ကရစ် တံတား (၂)စင်းအား အောက်တိုဘာ လနောက်ဆုံး ပတ်ကဆောက်လုပ်လျက်ရှိရာ မကြာခင် ပြီးစီးတော့ မည်ဖြစ်ကြောင်းသိရသည်။
Nov 03,2020
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။ ထိုသို့စိုက်ပျိုးရေးကို အဓိကထားပြီး ရွံ့တွေ ဗွက်တွေထဲတွင် တစိုက်မတ်မတ်စိုက်ပျိုး လုပ်ကိုင်ရသောကြောင့် လယ်သမား တို့၏ ဘဝသည် ကြမ်းတမ်းသည်၊ ခက်ထန်သည်၊ နုံချာသည်၊ အနေစုတ်သည်၊ မြို့နေလူတန်းစားတို့၏ နှိမ့်ချ ဆက်ဆံခြင်းကို ခံရသည်။ ရှေးအခါက တောရွာများသည် မြို့နှင့်အလှမ်းဝေးသည့်အပြင် လမ်းခရီး ကလည်း ရွံ့တွေ ဗွက်တွေနဲ့မို့ သွားရေးလာရေး ခက်ခဲသောကြောင့် မိဘများမှာ သားသမီးများ၏ ပညာရေးကို ဆုံးခန်းတိုင်အောင် မထားနိုင်ရှာပေ။
Nov 03,2020
ဂန့်ဂေါမြို့နယ်အတွင်းတွင် ဆီထွက်သီးနှံအဖြစ် မိုးရာသီတွင် နှမ်းနှင့် မြေပဲ တို့ကိုလည်းကောင်း၊ ဆောင်းရာသီ တွင် နေကြာ၊ မြေပဲနှင့် ပန်းနှမ်းတို့ကိုလည်းကောင်း စိုက်ပျိုးလေ့ရှိပြီး ဆောင်းနှမ်းကို စိုက်ပျိုးလေ့မရှိဘဲ မိုးနှမ်းကိုသာ စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ဆောင်းနှမ်းကို စတင်စမ်းသပ် စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Nov 03,2020
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်တွင် ယနေ့ နံနက်၉နာရီမှ စတင်၍ အသက်၆၀နှင့်အထက် သက်ကြီးဘိုးဘွားများအားရွေ့လျားမဲရုံစနစ်ဖြင့်ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ရှင်စောပုရပ်ကွက် ၂၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမဲရုံများအတွက် Coronavirus Diseases 2019(2019) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားဗဟိုကော်မတီမှ ပေးပေးပို့လှူဒါန်းသော COVID-19 ရောဂါကာကွယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့် NK-95 (10021)ခု၊ PPE Level-2(Leve) (၁၁၀)ခု၊ Exam Glove PPE-3(၃၃၈၈)ခု၊ Face Shield(၂၇၅)ခု၊ Coverall PPE-3 (၂၇၅)ခု၊ Surgical Gloves PPE-3(၂၇၅)ခု၊ Protective Mask PPE-3(၂၇၅)ခုနှင့် Boot PPE-3 (၂၇၅)ခုတို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာမဲရုံများအရောက်နိုဝင်ဘာ(၁)ရက်နေ့မှ (၂)ရက်နေ့များတွင် ဖြန့်ဝေပြီးဖြစ်ကြောင်းသိရသည်။
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ အလယ်ဆိပ်ကျေးရွာ တောင်သူ ဦးဝင်းမောင်၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ကွက်အား ယမန်နေ့က စံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲနေ့ တွင်အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ပစွည်းများအား လွဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 02,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အသုံးပြုသူများအဖွဲ့(၁၃)ဖွဲ့ထံ သစ်တောမြေဧရိယာ ဧက ၁၅၁၀အား ဒေသခံ အစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခွင့်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်၁၀နာရီတွင်အုတ်ကျင်းရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံး၌ကျင်းပသည်။