အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များအား ထပ်ဆင့် အသိပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ၃နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား ယာယီဖွင့်လှစ်ထားသော အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့် ၈၆လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံ၌ ကျင်းပသည်။
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့တွင် စုရပ်အခြေပြုပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်းကို မြို့သစ်မြို့၊ကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၉ နာရီကစတင်၍ ပုံမှန် ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေး‌‌ လျက်ရှိကြောင်းသိရသည်။
Nov 03,2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ စားဝတ်နေရေး အခက်အခဲရှိသည့် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းသားဟောင်းများအား ကျောင်းသားဟောင်းအချို့မှ စုပေါင်း၍ အခြေခံ စားသောက်ကုန်များကို အောက်တိုဘာ(၂၉)ရက်နေ့တွင် အချင်းချင်း ပြန်လည်လှူဒါန်းခဲ့ရာ ကျန်ရှိနေသေးသော ကျောင်းသားဟောင်း (၃၁)ဦးအား ယမန်နေ့ ညနေ(၄)နာရီခန့်၌ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းခဲ့ကြသည်။
Nov 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ‌ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထေွထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Nov 03,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးခန်းမတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်မဖွဲ့ဝင်များအနေဖြင့်
Nov 03,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ဝင် ဦးသန်းအောင်သည် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Nov 03,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်ရန်အတွက် မီးဘေးအန္တရာယ်လုံခြုံ ရေးစစ်ဆေးခြင်းကို ရှမ်းရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။