အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပခဲ့သည်။
Nov 03,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လေဘေးသင့်နေအိမ်မှ မိသားစုနှင့် ကမ်းပြို ဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
Nov 03,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူ‌များ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ‌များက စီစဉ်သည့်နေရာများ၌ ကြိုတင်မဲများ ပေး‌နေကြလျက်ရှိရာ ယမန်နေ့ ညနေအထိ ၅ ရက်တာကာလအတွင်း မဲပေးပြီးသူစုစုပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
Nov 03,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၂၀)ဦး ကျန်းမာရေး ကောင်းမွန်လာ၍ ယမန်နေ့ မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Nov 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်ပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ သည် အောက်တိုဘာ ၂၉ ရက်မှစတင်၍ သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centre တွင် ကန့်သတ်စောင့်ကြည့်ထားသူ (၇၀) ဦးတို့ထံမှ နှာခေါင်းနှင့်အာခေါင် တို့ဖတ် Swapနမူနာ ရယူခြင်းကို နိုဝင်ဘာ(၃)ရက်နေ့ နံနက်(၁၁) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Nov 03,2020
ပန်းဘဲတန်းမြို့နယ်တွင် မဲရုံသုံးကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  များထံသို့ဖြန့်ဝေခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရပါသည်။
Nov 03,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေး ကောက်ပွဲကာလအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အမြန်မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြို တင်ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မဘိမ်းမြို့၊ အခြေခံပညာအထက် တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။