အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2020
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် အတွင်းရှိ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မဲရုံများအား မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ် ဦးစီးဌာနနှင့် တာဝန် ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 03,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့တွင် ရွေး‌ကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
Nov 03,2020
 ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီး ရွယ်အိုများ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ရန်အတွက် အမှန်တကယ် လိုအပ်သူများ၊ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၂၉) ရက်မှ  စတင်၍  နံနက်(၈)နာရီမှညနေ
Nov 03,2020
ချောက်မြို့ပြည်သူ့ဆေးရုံတွင် တတ်ရောက်‌၍ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ နှစ်ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ချောက်မြို့နယ် ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှ သိရသည်။
Nov 03,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၈၂.၃၀သန်းဖြင့် လုပ်ငန်း(၁၂)ခုဆက်လက်လျာထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
Nov 03,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ AYARWADDY RIVER VIEW HOTEL တွင် Hotel Quarantine ဝင်ရောက်နေသူများမှ ယမန်နေ့ ညနေ၅နာရီခွဲက အဆိုပါဟိုတယ်၌ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြကြောင်း သိရသည်။
Nov 03,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် နေရာအချို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်းနှင့်အတူ လေတိုက်ခြင်းများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဧရာမင်းစပါးပင်များ စိုက်ပျိုးထားသူများအနေဖြင့် စပါးပင်များ ယိမ်းယိုင်လဲပြိုခြင်းများ ကြုံတွေ့နေရသည်ဟု သိရသည်။