Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ကျေးရွာအုပ်စု၌ ကြိုတင်မဲပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Nov 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာ၌ အသက်(၆၀)နှင့်အထက် သက်ကြီးများ ကြိုတင်မဲပေး နေမှုအခြေအနေများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်နှင့် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကြိုတင်မဲပေးနေမှုအခြေအနေများ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆောမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်း
Nov 02,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အသုံးပြုရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ် အခြေခံပညာရေး ဦးစီးဌာနမှ မြို့နယ် ပညာရေးမှူး ဒေါ်ညိုညိုရီနှင့် ပညာရေးမိသားစုမှ အလှူငွေ ကျပ်(၆)သိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ မဲပေးပုံအဆင့်ဆင့်သရုပ်ပြသခြင်းနှင့်အတူ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေး
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေး လမ်းညွှန်ချက်နှင့် အညီ ပြည်သူများစနစ်တစ်ကျမဲထည့်နိုင်ရန်အတွက် မဲရုံလုပ်ငန်းများနှင့်မဲပေးပုံ အဆင့်ဆင့်အား လက်တွေ့ ဇာတ်တိုက်သရုပ်ပြသခြင်းကို ယမန်နေ့၊ နံနက်(၁၀)နာရီခန့်အချိန်က မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သက်ဆိုင်ရာ မဲရုံများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်
Nov 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသ နေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ် အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရော မြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
Nov 02,2020
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၊ အခြေခံပညာကျောင်းများ၌ ကြိုတင် ဆန္ဒမဲပေးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ခရိုင် ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များကြို တင်ဆန္ဒမဲပေးမှု အခြေအနေကို ယနေ့နံနက် ၉နာရီက ရှင်စောပုရပ်ကွက်ရှိမဲရုံ(၂) သို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သ
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်း
Nov 02,2020
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်တွင်နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် အဆင်ပြေစေရန် မြဝတီမြို့ အမှတ်၄ ရပ်ကွက်ရှိ မေတ္တာလမ်းတွင်နေထိုင်သော ငွေလွှဲလုပ်ငန်းရှင် ဦးအောင်သန်းလင်း နှင့်ဇနီးမေစန္ဒာတို့ ပါဝင်သော ငွေလွှဲလုပ်ငန်းရှင်များက ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့အမှတ် ၄ရပ်ကွက်တွင် အသက်၆၀နှစ်နှင့် အထက်မဲဆန္ဒရှင်များအား ကြိုတင် ဆန္ဒမဲများ ကောက်ယူ
Nov 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် ကြိုတင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက အောက်တိုဘာဘာ၂၉ရက်မှ စတင်ကာနေအိမ်များတွင် လိုက်လံ၍ ကြိုတင်ဆန္ဒမဲများ ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ်အတွင်း အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Nov 02,2020
အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲပေးခြင်း ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အုပ်စုများခွဲ၍ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီတွင် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28406
Page
28407
Page
28408
Page
28409
Current page
28410
Page
28411
Page
28412
Page
28413
Page
28414
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department