Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တံခါးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ အသီးသီး၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၈)ဦးဆေးရုံမှဆင်းခွင့်ရရှိ
Nov 02,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အောင်မြင်တိုက်နယ်ဆေးရုံ၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံ၊ ဖဒိုတိုက်နယ်ဆေးရုံ၊ အ.ထ.က (ကျောက်တံခါး) ဆေးကုသရေးစင်တာတို့တွင် ဆေးကုသမှု ခံယူ နေသော ကိုဗစ်-၁၉ပိုးတွေ့ လူနာပေါင်း (၃၈)ဦးသည် ယမန်နေ့က ဆေးရုံဆင်းခွင့်ရရှိ၍ နေအိမ် အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်မြို့တွင် မဲရုံများအား မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်း စစ်ဆေး
Nov 02,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်၌၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင်မဲရုံတာဝန်ထမ်းဆောင်မည့်မဲရုံမှူး၊ဒုမဲရုံမှူးများအားမဲရုံသရုပ်ပြလက် တွေ့ဆောင်ရွက်
Nov 02,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀နှစ်ပြည့်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး များအား မဲရုံသရုပ်ပြလက်တွေ့ဆောင်ရွက်မှုကို ယမန်နေ့၊မွန်းလွဲ(၁)နာရီက၊အမှတ် (၁) ရပ်ကွက်ရှိ၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ တေဇ ခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သြဂဲနစ် ပဲတောင့်ရှည်(တိုင်ထောင်ပဲ) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Nov 02,2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သော်လည်း ပုသိမ်မြို့နယ်၊ အမှတ် ၁၀ နယ်မြေ၊ စက်ကုန်းရပ်တွင် တိုင်ထောင်ပဲ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိအောင် စိုက်ပျိုးရောင်းချ လျက်ရှိသော ဦးအောင်ကြည် မိသားစုတို့မှ နေ့စဉ် မိသားစုဝင်ငွေရရှိနေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ အတည်ပြုလူနာ(၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု
Nov 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီးတိုက်နယ်ဆေးရုံရှိ အတည်ပြုလူနာ ယာဉ်နောက် လိုက်(၂)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက ဆေးရုံဆင်းလက်မှတ် ပေးအပ်ကာ ဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံဦးသန်းဌေး နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခ…
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ (၃) နာရီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးနှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံ ပွဲအား ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေး
Nov 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့ နံနက်ပိုင်း(၁၀)နာရီ အချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)နှင့် မဲရုံ အမှတ်(၂) တို့ကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ၈ရက်နေ့တွင် ကျင်းပမည့် မဲရုံများ မီးဘေးလုံခြုံရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ချထားပေးမည်
Nov 02,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက် နေ့တွင် ကျင်းပ ပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးတို့အတွက် မြို့နယ်မီး သတ်ဦးစီးဌာန အနေဖြင့် မဲရုံတစ်ရုံလျှင် မီးဘေးလုံခြုံရေး တာဝန်များ၊ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ထုတ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ရှာဖွေ ကယ်တင် ရေးတပ် ဖွဲ့ဝင်တစ်ဦး စုစုပေါင်းမဲရုံတစ်ရုံလျှင် အရန်မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး နှုန်းစီဖြင့် မဲရုံပေါင်း ၂၃၆ရုံအတွက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၇၂ဦးအား တာဝန်ချထားသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28404
Page
28405
Page
28406
Page
28407
Current page
28408
Page
28409
Page
28410
Page
28411
Page
28412
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department