အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ် ကုန်း-ကညင်ကုန်း လမ်းပေါ်ရှိ သခွပ်မြစ်တံတားအသစ်ကို  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့-၃၊ တံတားအထူးအဖွဲ့(၁၁) မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် တံတား တစ်စင်းလုံး၏  ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၁ ခုနှစ် မတ်လ ကုန်တွင် အချောသပ်လုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝေအောင် ထံမှ သိရသည်။
Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အလှူငွေများ၊ PPE ဝတ်စုံများနှင့် Oxygen Cylinder အိုးများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် အလှူရှင်များက အသီးသီးလှူဒါန်းခဲ့ ကြောင်း သိရသည်။
Oct 26,2020
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအခြေခံပညာအလယ်တန်း ကျောင်းခွဲ၌၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှစ၍ လပြည့်သိမ်းကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ် ခဲ့သောကျောင်းဆောင်သစ်အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်တွင် ရာနှုန်းပြည့် ဆောက်လုပ်ပြီး စီးခဲ့ကြောင်း သိရ သည်။
Oct 26,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ Quarantine Centre များတွင် စိတ်ဓါတ်ခွန်အားပေး အစီအစဉ်အဖြစ် တေးသီချင်းနှင့် တေးသရုပ်ဖော်များသီဆိုဖျော်ဖြေကပြခြင်း၊ အသိပညာပေး အစီအစဉ်များ ကို ယမန်နေ့ညပိုင်းက Quarantine Centre အဖြစ်ထားရှိသော မြို့မ အထက နှင့် ကူမဲ အထက များ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 26,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့သော ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံပြင်ဆင်စရိတ်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ လွှဲပြောင်းပေးအပ်ခြင်းကို အောက်တိုဘာ ၂၆ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့မရဲစခန်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် အ.မ.က(၁၇) ကျောင်းနှင့် ရွှေပေါက်ကံ မြို့သစ်ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် Quarantine Centre များ၌ Quarantine ဝင်ရောက်နေသူများ၊ Volunteer များ အဆင်ပြေခြင်း ရှိ/မရှိကို ယမန်နေ့ ညနေ (၄)နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center (၁)နှင့်(၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က (၁၀၄)ဦး နေအိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ယနေ့နံနက်၉ နာရီက ညောင်လေးပင်မြို့ အထက(ခွဲ)ကျောင်းတွင် မဲရုံဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။