အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
၂၀၂၀ ပြည့်နှစ် ၊ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​​ထွေ​ရွေး​ကောက်ပွဲကျင်းပနိုင်​ရေးအတွက် မဲရုံများပြင်​ဆင်​ဆောင်ရွက်​နေမှုအား ယ​နေ့ နံနက် ၉နာရီခန့်က ကျိုက်မ​ရောမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်တာဝန်ရှိသူများကအံကရဲ​ကျေးရွာအ​ခြေခံပညာ အလယ်တန်း​ကျောင်းခွဲ ၌​ဆောင်ရွက် လျက်ရှိသည့်မဲရုံများအားကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ကြ​ကြောင်းသိရသည်။
Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယမန်နေ့ ည(၇)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Oct 26,2020
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများအား ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဖြန့်ချိပို့ဆောင်ပေးလျက်ရှိသည်။
Oct 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအားဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန်ခန့်က မက်မန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Oct 26,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အဝင် ဂေါက်ကွင်းစစ်ဆေးရေးဂိတ်၌ ယနေ့နံနက်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးကြကြောင်း သိရသည်။
Oct 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူရှင်များက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီသို့ ယနေ့ နံနက်(၁၀)နာရီ က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ယာယီဆေးရုံဖွင့်လှစ်ထားသည့် မြို့နယ်ခန်းမတွင် ထားရှိသည့် ကိုဗစ်အတည်ပြုလူနာများအား ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ လိုအပ်သည်များကို စစ်ဆေးပေးခဲ့ရာ ကျန်းမာရေးအထူး ကောင်းမွန်ကြောင်း သိရသည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်အသုံးပြုမည့်မဲရုံသုံးပစ္စည်းများကိုယနေ့နံနက်ပိုင်းကရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့စတင်ထုတ်ပေးကြောင်းသိရသည်။