အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးဆေးရုံနှင့် Quarantine Centre များမှ စွန့်ပစ်သော အမှိုက်များ သိမ်းဆည်းခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဝန်ထမ်းများမှ ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ယနေ့အထိ ပိုးတွေ့ရှိသူပေါင်း(၂၄၁၉) ဦးရှိပြီး (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ ဝေဘာဂီရပ်ကွက်နှင့် (ဇ)ရပ်ကွက်များမှ ကိုဗစ်-၁၉ရောဂါရှိသူနှင့် ဆက်စပ်သူများကို ပရဟိတအဖွဲ့များက ယမန်နေ့ ညနေပိုင်းက(ဌ) ရပ်ကွက်ရှိ အ.လ.က(၇)ကျောင်း အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းက ကျန်းမာရေး ကောင်းမွန်သူ(၂၄)ဦးဆေးရုံဆင်းခွင့်ရရှိကြောင်းသိရသည်။
Oct 26,2020
နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို အောက်တိုဘာလ (၂၆)ရက်နေ့ နံနက် (၉)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Oct 26,2020
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၁၄)ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် ၊ အတွင်းရေးမှူး ဒေါက်တာသီဟ နှင့် ကော်မတီအဖွဲ့ဝင်များက အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ နေရပ်ပြန် ပြည်သူအားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့နေ့လည် (၁၂)နာရီ အချိန်က ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 26,2020
ဗဟန်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre များတွင် ထားရှိခဲ့ရာယခု အခါတွင်ဗဟန်းမြို့နယ် Facility Quarantine Centre အဖြစ်ဦးချစ်မောင်လမ်းရှိ၊ ကျိုက္ကဆံ ဘတ်စကတ်ဘော အားကစားရုံ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းများတွင်ထားရှိခဲ့ပြီးဖြစ်ပါသည်။
Oct 26,2020
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် (Mask) တစ်ခုကို (၂၀၀)ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ် စနစ်ဖြင့် ဒဏ်ငွေရိုက်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးအရှေ့ဘက်လမ်းနှင့် မြို့မဈေးအနီး ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။