အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်အတွင်းရှိ မိုးကုတ် ဝိပဿနာတရားစခန်းအတွင်းတွင် အသစ်ထပ်မံရောက်ရှိခဲ့သော နေရပ်ပြန်များရှိလာပါက Facility Quarantine ထားရှိရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယနေ့တွင် ပုဂံနယ်မြေ မီးသတ် စခန်းမှ စခန်းတာဝန်ခံ ဦးဥက္ကာ (ဒုတိယဦးစီးမှူး) ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် နေရာထိုင်ခင်း ကြိုတင် ပြင်ဆင်ခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံကသိရသည်။
Oct 26,2020
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းကို ယနေ့ နံနက် (၁၀) နာရီခန့်ကသံဖြူဇရပ်မြို့နယ် ပငကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၌ ပြုလုပ်သည်။
Oct 26,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် လယ်ယာမြေစီမံခန့်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီက အောင်သာကျေးရွာအုပ်စု နွားတပ်ကျေးရွာတွင် လယ်ယာမြေများ၊ ကျေးရွာချင်း ဆက် ကုန်ထုတ်လမ်းများ ပျက်စီးမှုကို ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
Oct 26,2020
ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပလောက်မြို့ အမှတ် (၃) ရပ်ကွက်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့ နံနက်(၉) နာရီအချိန်ခန့်က ပလောက်မြို့ အမှတ်(၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။
Oct 26,2020
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲရုံများတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရေး ဓာတ်ခွဲနမူနာများ ရယူခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်‌မြေများအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်‌ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Oct 26,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Oct 26,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ( ၁၃ ) ကြိမ်မြောက် Exim Bank ချေးငွေနှင့် ပတ်သက်၍ အပြေအကြေပေးဆပ်ကြသော အခြေခံသမဝါယမ အသင်းများ၏ ဝင်ငွေနှင့် အသုံးစရိတ်များ ရရှိသုံးစွဲမှု ချပြရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့် အညီ ပြုလုပ်ခဲ့သည်။