အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစွမ်းရည်မြှင့်တင် ဆင့်ပွားသင်တန်းကို ယနေ့၊ နံနက်(၉)နာရီအချိန်ခန့်က နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၈)နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Oct 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများအား တိကျမှန်ကန်ရေး မဲစာရင်း စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
Oct 26,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ထိန်းချုပ်ကာကွယ်နိုင်ရေး တို့အတွက် ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် Primary contact များအား ထားရှိကာ စောင့်ကြည့်နိုင်ရေးအတွက် Community Based Facilities Quarantine Center များ ဖွင့်လှစ် ဆောင်ရွက်ထားရှိကာ အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
Oct 26,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဒိုင်းစုရပ်ကွက် ဓမ္မပါဂလမ်း မှ ပြန်လာသူ အမျိုးသမီး ၂ ဦးနှင့်၎င်းနှင့်ထိစပ်သူ(၅)ဦးထံမှ covid -19 ရောဂါပိုးတွေ့ရှိကြောင်း ယမန်နေ့ကသိရသည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူး၊ဒုမဲရုံမှူးသင်တန်းကို  အ.လ.က မင်းလှ (လမ်းမတော်) ကျောင်းတွင် အောက်တိုဘာလ ၂၆ ရက်နံနက် ၈ နာရီခွဲအချိန်ကဖွင့်လှစ်ပို့ချခဲ့‌ကြောင်း သိရသည်။
Oct 26,2020
ဘိုကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံအဖွဲ့ဝင်များအားဆင့်ပွား သင်တန်းပို့ချ ဘိုကလေး အောက်တိုဘာ ၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့မွန်းတည့်(၁၂) နာရီအချိန်မှစတင်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘိုကလေးမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ မဲရုံ(၃)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ပို့ချသည့် ရွေးကောက်ပွဲဆိုင်ရာသင်တန်း တက်ရောက်ခဲ့ကြသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၂)ဦးနှင့် အမှတ်(၁၀)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်းကာ ဆင့်ပွားသင်တန်းပို့ချသည်။ အဆိုပါ သင်တန်းတွင် မဲရုံအဖွဲ့ဝင်များ ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ မဲရုံသုံးပုံစံများ ရေးသွင်းခြင်းနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက်ဆိုင်ရာများအား ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ မိုးစက်(ဘိုကလေး)
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းထွာ ချက်အရ စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။