အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
မိတ္ထီလာမြို့နယ်တွင် အထူးရဲ ၂၉၁ ဦးအား Rapid Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က အထက (၅) ရှမ်းတဲ၌ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အားလုံးတွင် ကိုဗစ် - ၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဦးထံက သိရသည်။
Oct 26,2020
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမ အသင်းမှ အသင်း၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် အသင်း အမှု ဆောင်များနှင့် အသင်း သားများစုပေါင်းကာ ကိုဗစ်- ၁၉ ရောဂါကာကွယ် ကုသရေး အတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်အထွေထွေ ရောဂါကု ဆေးရုံကြီသို့ သွားရောက်လှူဒါန်းခဲ့သည်။
Oct 26,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် COVID - 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ တိုင်း​ဒေသကြီး ကော်မရှင်အဖွဲ့ဝင်လပွတ္တာခရိုင် တာဝန်ခံ ဦးခင်မြင့်စိုးနှင့် အဖွဲ့ဝင်များ ၊ ခရိုင် ကော်ရှင်အဖွဲ့တို့ ယမန်နေ့ကကွင်းဆင်းပြီးပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သိရသည်။
Oct 26,2020
​​​​​​​ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်းရှိ/မရွိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဈေးကြီးအတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ မိုးကောင်းသောက်ဒေသများဖြစ်သော ကံဗြူ၊ တံခွန်တိုင် ကျေးရွာများရှိ သီးနှံစိုက်ခင်းများသို့ သွားရောက်၍ နှမ်း၊မြေပဲ၊ စပါးစသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြေပြင်သို့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း ရွှေဘိုမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 26,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ကျောက်လုံးကြီးကျေးရွာအုပ်စု ကျောက်တောင်ကျေးရွာ၌ ရန်ကုန်းတိုင်းဒေသကြီး မြောက်ဉက္ကလာပမြို့နယ် ဇမ္ဗူအေးကျောင်းတိုက် သီရိမင်္ဂလာမွန်ကျောင်းမှ သီတင်းသုံးရန်ရောက်ရှိလာသော ရဟန်းသံဃာတော်များအား ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ကျောက်တောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စာရေးကိရိယာများနှင့် သံဃာ့အသုံးအဆောင်ပစ္စည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ အသက်(၉)နှစ်နှင့်(၁၀)နှစ်အရွယ်အမျိုးသမီး ငယ်(၃၀)ဦးအား ပထမဆုံးအကြိမ်အဖြစ် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က နမ့်ခမ်းမြို့၊ အောင်္ဂလာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးသည်။