Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းသာမြို့ ဘုတ်ဆုံမ ပညာဒါနကျောင်းမှ Facility Quarantine (၁၄)ရက်ပြည့်ပြီး ပြန်ထွက်သူ (၂)ဦးကို ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်ပေးအပ်
Oct 15,2020
ချောင်းသာမြို့၊ ဘုတ်ဆုံမပညာဒါနကျောင်း Facility Quarantine Center တွင်ယနေ့ နံနက်(၈)နာရီက Quarantine ဝင်ရောက်လျက်ရှိသော မအူပင်မြို့နယ်ပြန်(၂)ဦးကို ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ(၁၄)ပြည့်မြောက်အောင် နေထိုင်ခဲ့သည့်အတွက် တာဝန်ရှိသူများမှ ကျန်းမာကြောင်း ထောက်ခံချက် လက်မှတ်ပေးအပ်ကာ နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ပြုပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ မြို့ဝင်မြို့ထွက်ဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေး
Oct 15,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့ဝင်မြို့ထွက် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် များတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ယမန်နေ့ည(၈)နာရီ က ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာ နယ်မြေရဲစခန်းအတွင်း မဲရုံလုံခြုံရေး အထူးရဲသင်တန်းသားများအား ကျန်းမာရေးစစ်ဆေး
Oct 15,2020
ချောင်းသာ နယ်မြေရဲစခန်းအတွင်းရှိ အထူးရဲသင်တန်း သား(၃၃)ဦးနှင့် သင်တန်းနည်းပြ(၈)ဦးတို့ကို ယနေ့ နံနက် ၈ နာရီက ချောင်းသာနယ်မြေ ရဲစခန်းအတွင်းရှိ သီးသန့်ခန်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁ဝ နာရီအချိန်ခန့် က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန်အတွက် ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး
Oct 15,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန်နှင့် ရောဂါကူးစက်မှုများ မဖြစ်ပွားစေရန် အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ပင်းတယမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များတို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရေသန့် စက်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့ ဓာတ်တော်စေတီအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး
Oct 15,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဖြည့်စွက် ရန်ပုံငွေ(၅၆.၁၉၈) သန်းဖြင့် ဆောင်ရွက်သော ရွာသစ်မြို့ ဓာတ်တော်စေတီ အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို မတ်လ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့တွင် ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် ပြသ
Oct 15,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်း က ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရုပ်ဆောင် ညီနန္ဒ အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center(၅)ခုအတွက် ထောပတ်ထမင်းဗူး(၄၃၀)လာရောက် လှူဒါန်း
Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center(၅)ခု တွင် ရောက်ရှိနေသော ပြည်သူများ စာရေးသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ သရုပ်ဆောင် ညီနန္ဒမှ ထောပတ်ထမင်းဗူး(၄၃၀)ကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က အင်းစိန်(GTI)ကန့်သတ် စောင့်ကြည့်စင်တာတွင် လာရောက်လှူဒါန်းခဲ့ရာ Super Sunday လူမှုကူညီရေးအသင်း(အင်းစိန်) ဥက္ကဌ ကိုသူရိန်ထွန်းနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28690
Page
28691
Page
28692
Page
28693
Current page
28694
Page
28695
Page
28696
Page
28697
Page
28698
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department