အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ ၃၀၀၀ ကျော်အနက်မှ ဒုတိယအကြိမ် ထောက်ပံ့ရန်ကျန်ရှိသည့် လူဦးရေ ၂၀၁၄ ဦးအတွက် ဆန်ဖိုးငွေ ၄၂ သိန်းကျော်ကို ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ် က ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်ကော်မတီသို့ ယနေ့နံနက် ၁၀ နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း တို့က လက်ခံခဲ့ကြောင်း သိရသည်။
Oct 15,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး တွင် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက် ထားကြောင်း သိရသည်။
Oct 15,2020
စုကလိမြို့တွင် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ
Oct 15,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးတောင်သူများ၏ ပဲတီစိမ်းနှင့် မြေပဲစိုက်ခင်းများသည် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းမှု နည်းပါး၍ သီးနှံထွက်နှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က တ​နေ့စာ အတွက် ထမင်းဘူး(၆၀၀)ဘူး၊ ငှက်​ပျော်သီးနှင့် ​သောက်​ရေသန့်များလာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 15,2020
မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား‌ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနံက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၈နာရီက မြို့မဈေးထိပ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်တွင် ODK (Mobile Application)ဖြင့် အကျိုးခံစားသူစာရင်းသွင်းခြင်း သင်တန်းဖွင့်လှစ် ပို့ချခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။