အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် အသွားအလာကန့်သတ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဆောင်ရွက်လျက်ရှိရာတွင် အသွားအလာကန့်သတ်ထားသည့် ဒေသများမှ ဝင်ရောက်လာသူများအား Quarantine (၁၄)ရက်ထားရှိခြင်းနှင့် သတ်မှတ်ရက်ပြည့် မြောက်ပါက Home Stay (၇)ရက် နေထိုင်စေခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ငရုတ်ကောင်းမြို့ (အထက)၌ ယခုအချိန်တွင် Quarantine ဝင်ရောက်နေသူကျား (၃) ဦးသာရှိပြီး ယနေ့အချိန်ထိ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီးနှင့် သုမနလမ်းထောင့်ရှိ FORTUNE PLAZA ဝင်းအတွင်း ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ လူနာများ ထားရှိရာ ဟပ်ပီးကိုဗစ်စင်တာအား အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
Oct 15,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသိပညာ ပေးခြင်းလုပ်ငန်း၊ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ(၁၅)ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ညောင်ရွှေမြို့ အတွင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်အသုံးပြုရန် ပျက်ကွက်သူများအား ကွင်းဆင်းစစ်ဆေး၍ အသိပညာ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Oct 15,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန်အတွက် အများပြည်သူများအနေဖြင့် တိကျ မှန်ကန်သော သတင်းအချက်အလက်များနှင့် ဆောင်ရန်/ ရှောင်ရန်များကို အလွယ်တကူ လေ့လာနိုင်စေရန် ရည်ရွယ်၍ (ဦးစီးဌာန) ရုံးရှေ့ရှိ မြေစိုက်နံရံကပ် စာစောင်ပြဘုတ်တွင် အသိပညာ ပေးစာစောင်များ ပြသထားရှိသည်။
Oct 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ရွှေဝါလှိုင် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း မှ အသင်းသား/အသင်းသူ(၅၁)ဦး အား ကိုဗစ်−၁၉ ကူးစက်ရောဂါ ကာလအတွင်း ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁နာရီက ရန်အောင်မြင်ရက်ကွက်ရှိ အဆိုပါ အသင်းရုံးတွင် ထောက်ပံ့ငွေများပေးအပ် ခဲ့ကြောင်း သိရသည်။
Oct 15,2020
ရှေးဦးပြုစုခြင်းပညာရပ်များကို နားလည်တတ်ကျွမ်းစေပြီး ထူးချွန်ကြက်ခြေနီများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီ အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းအား အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ မြို့နယ် ကြက်ခြေနီ အသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
Oct 15,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ယနေ့ကျရောက်သည့် ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်း နေ့ အထိမ်းအမှတ်အဖြစ် ဒေသအဆင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) BRIC စီမံချက်နှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့များပူးပေါင်း၍ ယနေ့ နံနက်(၉) နာရီခန့်က နမ္မဝေါရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး (ယာယီ)တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 15,2020
လက်ရှိဖြစ်ပွါးနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် အနေဖြင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ပြည်သူများသိရှိနိုင်စေ ရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်ဘုတ်များနှင့် နံရံကပ်ပြဘုတ်များတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံများကို ပြသထားလျက်ရှိကြောင်း သိရသည်။