အမြို့မြို့အနယ်နယ်သတင်းများ

May 13,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် မိုင်းပန်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ် ကျောင်းသား၊ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာရာ ယမန်နေ့ညနေက အ.လ.ကမွေတော်ကျောင်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။
May 13,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
May 13,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းဖြင့် ကော့မှူးမြို့နယ်၊ ပျဥ်းကတိုးကျေးရွာ၊ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ယမန်နေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးနေကြကြောင်း သိရသည်။
May 13,2026
ဧရာဝတီတိုင်းဒေသသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားအား ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 13,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်ရှိ ဘိုချို စာကြည့်တိုက်သို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်များကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
May 13,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီ က မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
May 13,2026
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ သစ်စိမ်းမြဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်ခြင်းနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။