ကရင်ပြည်နယ်

ဘားအံမြို့၌ စာအုပ်စာစောင် မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၏ အသိပညာ ဗဟုသုတများ တိုးပွားစေရေး၊ တိကျမှန်ကန်သော သတင်းအချက်အလက်များ အချိန်မီသိရှိနိုင်စေရေး ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရေးနှင့် မီဒီယာကဏ္ဍများမှတစ်ဆင့် ပံ့ပိုးဆောင်ရွက်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဆရာဖေမြင့်၏ ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ

မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများပေါ်ထွန်းလာစေရေးနှင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

ဘားအံမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသ ားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၂၁ ရက်နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ကော့ကရိတ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့်မူးယစ်‌ဆေးဝါးအန္တရာယ်အသိပညာ‌ပေးနံရံကပ်စာ‌စောင်များ ပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာနိုင်စေရေး၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်နိုင်‌စေရေးတို့အတွက် ပညာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အ.ထ.က (ခွဲ)လှိုင်ဝကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၆ ဒဿမ ၆၅ ရာခိုင်နှုန်းတက်ရောက်ကြသည့်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးအထ မြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

မြဝတီမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

နိုင်ငံတော်၏ သယံဇာတများရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတုကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်စေရန်၊ အဖိုးတန် ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ မဲကနယ်ကျေးရွာအုပ်စုရှိ မြဝတီမြို့နယ် ကုန်သွယ်ရေးဇုံတွင်   မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့ရှိ အိမ်ထောင်စု(၃၀၀)စုတို့အတွက် သထုံလူမှုရေးအသင်းမှ  ဆန်များထောက်ပံ့ လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ အိမ်ထောင်စု(၃၀၀)စုအား သထုံလူမှုရေးအသင်းမှ ဆန်အိတ် (၁၅၀) အိတ်  ထောက်ပံ့လှူဒါန်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ် (၇) ရပ်ကွက်၊ ဒေါနလမ်းရှိ၊ မြို့နယ်သမ ဝါယမဂို‌ထောင်၌ အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့တို့သည် ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ မိဇိုင်းကျေးရွာ ကွင်းအမှတ် OSS ၁/၄ တောင်သူ(၇)ဦးတို့၏ လယ် (၁၅) ဧက၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေသြဇာ ပိုက်ဆံလျှော်ကြဲပက်ခြင်း၊ လုပ်သားရှားပြီး ကုန်ကျစရိတ်သက်သာစေရေး မျိုးစပါး မျိုးစေ့ချကိရိယာ seeder ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြမှုတို့ကို ကြည့်ရှု့အားပေးပြီး တောင်သူများအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာများကို အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် “သစ်လွင်သူနာပြု” (၅၃)ဦး အား ကြိုဆိုတွေ့ဆုံပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်မည့် တာဝန်ကျ သစ်လွင်သူနာပြု ဆရာမ (၅၃)ဦး အား ကြိုဆိုတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ် (၄)ရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာဇင်မြင့်ဦးက  ဖြည့်စွက်အမှာစကားကိုပြောကြားခဲ့သည်။ ဆက်လက်ပြီး “သစ်လွင်သူနာပြု” ဆရာမ (၅၃)ဦးမှ တစ်ဦချင်း မိတ်ဆက်ကြကာ တင်ပြလိုသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်