ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက် ကင်ပွန်းသီးများ ဝယ်လိုအားကောင်းခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများသည် ယခုအချိန်တွင် ဝယ်လိုအားကောင်းသောကြောင့် ဒေသခံပြည်သူများမှာ လိုက်လံဆွတ်ခူးရောင်းချပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ မောင်သာချို၏ လူကြီးလူကောင်းမှောင်ရိပ်ခိုကြတုန်းက စာအုပ်အား ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ကတ္တရာလမ်းဖွင့်လှစ်

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်လမ်းဦးစီးဌာန (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ကတ္တရာလမ်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

မြဝတီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဆက်လက်သင်ကြားပို့ချ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို မတ် ၂၄ ရက်နေ့မှ စတင်သင်ကြားပေးခဲ့ရာယနေ့တွင် သင်တန်းဒုတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချသည်။

ဘားအံတက္ကသိုလ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနှင့် ဘားအံတက္ကသိုလ်တို့ ပူးပေါင်း၍ အကြိုအခြေခံမီးသတ်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈:၀၀)နာရီက (ဘားအံတက္ကသိုလ်)ပညာ့ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများနှင့် သင်တန်းသား/သင်တန်းသူ (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လိပ်သိုမြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများအား ယနေ့နံနက်ပိုင်းက လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) ကို ဆရာ၊ဆရာမအင်အား (၁၃၀၁) ဦးဖြင့် ဖွင့်လှစ်

ဆရာ့အတတ်ပညာရပ်များကို ပညာရေးနယ်ပယ်တွင် လက်တွေ့အသုံးချ အကောင်အထည်ဖော်နေကြသော ဆရာ၊ဆရာမများအား အရည်အချင်းထပ်မံမြှင့်တင်ပေးသောအားဖြင့် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅)ကို ယနေ့ နံနက် ၇ နာရီခွဲက ဘားအံပညာရေးဒီဂရီကောလိပ်၌ PPTT သင်တန်းတက်ရောက်အောင်မြင်ပြီးသော ဆရာ၊ဆရာမအင်အား(၁၃၀၁)ဦးဖြင့် ဖွင့်လှစ်သည်။

လိပ်သိုမြို့တွင် ကတက်ပင်များ စိုက်ပျိုးထိန်းသိမ်းထားခြင်းဖြင့် မိသားစုအထောက်အကူပြု

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားမှ ဒေသခံများမှာ ကတက်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားလျက်ရှိကြရာ ယခုအချိန်တွင် ကတက်ရွက်နုများ စတင်ထွက်ရှိလာချိန် ဆွတ်ခူးပြီး အချဉ်တည်ကာ ရောင်းချခြင်းဖြင့် မိသားစုအထောက်အကူပြုလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၁) ရပ်ကွက်သို့ Mobile  စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းကို  ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အမှတ်(၁) ရပ်ကွက်သို့  သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့် သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းအခမ်းအနား ကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းဆင့် သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်း အခမ်းအနားကို ယနေ့နံနက် ၉:၀၀ နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပရာ ကော့ကရိတ်ခရိုင်/မြို့နယ်အုပ်ချုပ် ရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်