ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO) အစည်းအဝေးဆုံးဖြတ်ချက်အရ ဝိတိုရိယ တောင်ပေါ်သို့ မော်တော်ယာဉ် တက်ရောက် မှုများ တားမြစ်ကန့်သတ်တော့မည်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဝိတိုရိယတောင်ပေါ်သို့ မော်တော်ကား၊ မော်တော် ဆိုင်ကယ် တက်ရောက်မှုများကို တားမြစ်ကန့်သတ်သွားမည်ဟု ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ မွန်းလွဲ(၁)နာရီ တွင်ကျင်းပပြုလုပ်ခဲ့ကြသည့် ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO)အစည်းအဝေးအရ သိရသည်။