မင်းတပ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ နေထိုင်သူနှစ်ဦး အိမ်ပြန်ခွင့်ရ
မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ်(၁)နှင့်(၂)တို့၌ Facility Quarantine နေထိုင်သူနှစ်ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီတွင် အိမ်ပြန်ခွင့် လက်မှတ်များ ပေးအပ်ခဲ့သည်။