တာချီလိတ်မြို့၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ၊ သက်တမ်းတိုးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၆-၂ဝ၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ၊ သက်တမ်းတိုးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။