မန္တလေးတိုင်းဒေသကြီး

မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ကန်တော်လေးကန်ဘောင်အတွင်း ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇ ခု ၊ မြန်မာနှစ်ဆန်း (၁) ရက် ယမန်နေ့ နံနက် (၈) နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) ရှိ ကန်တော်လေးကန်ဘောင်၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် (၃၁/၂၀၂၅) ဖြင့် မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၁၈) ဦး လွတ်မြောက်

မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် (၃၁/၂၀၂၅) ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား၊ အကျဉ်းသူ (၁၈) ဦးအား လွှတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်က မြင်းခြံဗဟိုအကျဉ်းထောင်တွင် ကျင်းပသည်။

မိတ္ထီလာအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ ၆၀ ဦးအား လွှတ်ပေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ ၆၀ ဦးကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့်ဇိဝိတဒါနငါးလွှတ်ပွဲနှင့် မြို့တွင်းလှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ နံနက်ပိုင်းက ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် မြန်မာ့နှစ် ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ၊ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲကို ယနေ့ နံနက်ပိုင်းအချိန်ကစ တင်ကာကျင်းပလျက် ရှိကြောင်းသိရသည်။

ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ Mercy Malaysia မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၁၂ ရက်နေ့က ဆေးဝါးကုသလျက်ရှိသော လူနာများနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာများအတွက် Mecry Malaysia မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးတွင် တည်ရှိသော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးတွင် မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

မဟာအောင်မြေမြို့နယ် အားကစားကွင်းအတွင်း ယာယီ(ရွက်ဖြင်)တဲများတွင် နေထိုင်သော မိသားစုဝင် အိမ်ထောင်စု(၇၈)စုအား စားသောက်ဖွယ်ရာများ လှူဒါန်း

မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ အကွက်(၂၈၃)၊ ၈၆-၈၇ ကြား၊ ၃၈-၃၉ ကြားရှိ မဟာအောင်မြေမြို့နယ်၊ အားကစားကွင်းအတွင်းသို့ ယမန်နေ့ညနေပိုင်းက မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ တရုတ်ကောင်စစ်ဝန်ချုပ် မစ္စကောင်းဖျင်နှင့်အဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးရာဝန်ကြီး ဦး‌အောင်ကျော်မိုး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ မန္တလေးမြိုတော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းဗိုလ်၊ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏအောင်၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုအဖွဲ့ဦးစီးမှူး (ဒုတိယတန်း) ဦးအောင်ဇော်ဝင်းတို့ရောက်ရှိလာပြီး အားကစားကွင်းအတွင်း ယာယီ(ရွက်ဖြင်)တဲများတွင် နေထိုင်သော မိသားစုဝင် အိမ်ထောင်စု (၇၈)စု၊ အမျိုးသား (၁၄၁)၊ အမျိုးသမီး (၁၇၈)ဦး၊ ပေါင်း (၃၁၉)ဦးတို့အားတွေ့ဆုံ၍ အားပေးစကားများပြောကြားခြင်း၊ တရုတ်နိုင်ငံနှင့် တိုင်း‌ဒေသကြီး ကြက်ခြေ‌နီအဖွဲ့တို့မှလှူဒါန်းသည့် MAMEE ခေါက်ဆွဲခြောက်ဖာ (တစ်ဖာ၂၄ ထုပ်)ပါ ၈၀ ဖါ၊ ရေသန့်ကဒ် (၆)လုံးပါ ၈၀ ကဒ်၊ တစ်ကိုယ်ရေသုံးပစ္စည်း (အစုံ)ပါ ၈၀ ဖါ၊ ဆန် (၁၂)ပြည်ပါ ၄၀ အိတ်၊ စားဆီ (၅၀)သားဗူး ၈၀ ဗူးတို့အား ပေးအပ်လှူဒါန်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ၊ စားသောက်ကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်းဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အလှူရှင်များက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ပေးအပ်လှူဒါန်းကြရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် အခြေခံပညာကျောင်းများရှိစာသင်ဆောင်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ငလျင်ဒဏ်ကြောင့် စာသင်ကျောင်းဆောင်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်နေရာများတွင် ကူညီရှာဖွေကယ်ဆယ်ခြင်း၊ အန္တရာယ်ရှိအဆောက်အဦများအား ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်နေရာများတွင် ကူညီရှာ‌ဖွေကယ်ဆယ်ခြင်း၊ အန္တရာယ်ရှိအဆောက်အဦများအား ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၀ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ အတွင်းရေးမှူးများ၊ ဌာန(၁၄)ခုမှတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူချုပ်၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး