မန္တလေးတိုင်းဒေသကြီး

ရမည်းသင်းမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအ နားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက် နံနက် ၉နာရီက အမှတ်(၈) အထည်စက်ရုံခွဲ၌ ကျင်းပသည်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲနှင့် လူငယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲနှင့် လူငယ်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစစ်နိုင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြသန္တာနှင့် ဌာနမှူးဆရာဆရာမများ၊ လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ ကျွဲ၊နွားများအား ပေါင်ပုပ်လက်ပုပ်နှင့် ခွာနာလျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများအား ပေါင်ပုပ်လက်ပုပ်နှင့် ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၂ရက် နံနက် ၉နာရီက အမှတ်(၈) အထည်စက်ရုံခွဲ၌ ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ သွားရောက်၍ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြာပို့ချ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့တော်ဆေးရုံတွင် ‎မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြာပို့ချခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။‎

စဉ့်ကိုင်မြို့၊ ပလိပ်ကျေးရွာအုပ်စု၌ ရက် ၁၀၀ စီမံချက်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ၁၁/၀.၄ ကေဗွီ‌နှင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှစ်လုံးအား မီးခလုတ်နှိပ်၍ ဓာတ်အားပို့လွှတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း မန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ပလိပ်ကျေးရွာအုပ်စု၊ ကားဆိပ်ရပ်နှင့် ဝန်ထမ်းကွက်သစ်ရပ် တည်ဆောက်ခဲ့သည့် ၁၁/၀.၄ ကေဗွီ‌နှင့်၂၀၀ ကေဗွီအေ ထရန်စဖော်မာနှစ်လုံးအား ဇွန် ၂၁ ရက်နေ့ နံနက် ၁၀နာရီ ၂၅ မိနစ်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ တာဝန်ရှိသူများက Main Breaker နှင့် Sub Breaker များနှိပ်၍ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျောင်းသားလူငယ်များ၊ အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။

ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ Herbal Soap ပြုလုပ်ခြင်း သင်တန်းနှင့် နည်းပညာလွှဲပြောင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ရက်(၁၀၀)စီမံချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော Herbal Soap ပြုလုပ်ခြင်းသင်တန်းနှင့် နည်းပညာလွှဲပြောင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီဝနည်းပညာသုတေသနဦးစီးဌာန  အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ “ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်စို့” မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျန်းမာရေးအဆင့်မြင့်ကျောင်းများ ထူထောင်စို့” မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး