ငါန်းဇွန်မြို့နယ်၌ အခြေခံပညာဦးစီးဌာန မူလတန်း ဆရာ/ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း ဖွင့်
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာန၊ မူလတန်း ဆရာ/ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ယနေ့ နံနက်(၉)နာရီက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။