တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ပြည်သူလူထုအခြေပြု အသိပညာပေး ဟောပြော
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုအခြေပြုအသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီက တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု ဥမှင်ကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။