ဧရာဝတီတိုင်းဒေသကြီး

ဘိုကလေးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာ ကွင်းအမှတ်(၇၀၉)၊ ဦးပိုင်အမှတ် (၁၀) တောင်သူဦးတင်စိုး၏ လယ်မြေ၌ ၂၀၂၆-၂၀၂၇ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးကျော်ညီညီထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်ပြည့်စိန်ရတုပွဲတော်နှင့် ဆဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်ပြည့် စိန်ရတုပွဲတော်နှင့် ဆဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။

ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ ဝါးကလောကျေးရွာ၊ အလက(ခွဲ)ကျောင်းတွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးနေလင်းထွန်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀)စီမံချက်အား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ တက်ရောက်

နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀)စီမံချက်အား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို  ဧပြီ (၂၃)ရက်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ လူမှုရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ပေးမည့် လုပ်ငန်းများအတွက် ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ပေးမည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းလုပ်ငန်းအတွက် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

မြန်အောင်မြို့ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) အဆင့် (၂/၂၀၂၆) သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) အဆင့် (၂/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ အ.လ.က လက်ပံရပ်ကျောင်း၌ ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဧပြီ ၂၃ ရက်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့က ကြီးကြပ်မှုဖြင့် ဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ကြံခင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ စာ​ပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး(မွေး/ရေ) ရေးသားသော “ရင်ကိုယ်ထိဆဲလှိုင်းခတ်သံစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး