ပဲခူးမြိုနယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေး
ပဲခူးမြို့နယ် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူးပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ပဲခူးမြိုနယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများက နေ့ချင်းပြီးဆောင်ရွက်ပြုလုပ်ပေးနေမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချို လိုက်လံကြည့်ရှုအားပေးခဲ့သည်။