မကွေးတိုင်းဒေသကြီး

စလင်းမြို့နယ်တွင် အင်္ဂလိပ်စာသင်တန်းနှင့် ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာနှင့်ယဥ် ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် နည်းစနစ်ကျကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲ နည်းသင်တန်းကို မတ် ၂၃ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။  

ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး (၄၆၄) ဧကစိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသတွင်း ဆန် စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး (၄၆၄) ဧက စိုက်ပျိုးပြီး စီးပြီဖြစ်ကြောင်း သိရသည်။

အောင်လံမြို့၌ ၁၃၈၇ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စတင်၍ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ ဆယ့်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်အတွက် ဆိုင်းခန်းတစ်ချို့ဖွင့်လှစ်၍ စတင်ရောင်းချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းရာနှုန်းပြည့် ကပ်လှူပူဇော်ပြီးစီးမှုအထိမ်းအမှတ်ဆယ့်နှစ်ပွဲ ဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်အတွက် ဈေးဆိုင်ခန်းတစ်ချို့ မတ်လ ၂၇ ရက်နေ့က ဖွင့်လှစ်ပြီးစတင်ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ဖြေဆို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ပထမနေ့) ကို ယနေ့မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပသည်။

သရက်မြို့နယ်တွင် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre လူထုအခြေပြုဗဟိုဌာနတွင် မတ်လ ၂၃ ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက် ၈ နာရီအချိန်တွင် နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေစက်တော်ဘုရားပွဲရာသီ၌ ဒေသထွက်ပစ္စည်းများရောင်းချသည့်ဈေးသည်များ ရောင်းအားကောင်းလာ

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲရာသီတွင် ရွှေစက်တော်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်မှ ဒေသထွက်ပစ္စည်းများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများရောင်းချသည့် မင်းဘူးမြို့ဒေသခံဈေးသည်များထံမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး