တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မေလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ (၂)ည(၃)ရက်တိုင်တိုင် ပြုလုပ်ကျင်းပခဲ့သော ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင်ပြုလုပ်ရာ ဩဝါဒါစရိယနာယကဆရာတော်များ၊ ဘာဏကဆရာတော်များ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီများ၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ်အကြို မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ကျွန်းစုမြို့၊ ကပကျေးရွာ၊ ကတန်ကျွန်းပတ်လမ်း နံဘေး သတ်မှတ်ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲများ ဖြေဆိုပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော နွေရာသီ ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ မေလ (၁၈) ရက်နေ့မှ စတင်ကျင်းပရာ ယမန်နေ့မေ(၂၀)ရက်နေ့က စာမေးပွဲဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ရေဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပိုးလောက်လမ်း စစ်ဆေးခြင်းနှင့် ခြင်ခိုအောင်းနိုင်သည့်နေရာများအား အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ရေဖြူမြို့ (ခ) ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရေဖြူ၌ ယခင်နှစ်ထက် ဒူးရင်းသီး အသီးတင်နည်းသော်လည်း ဈေးကောင်းရရှိ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဒူးရင်းသီးများ ယခုနှစ်တွင် နွေရာသီရက်ကြာရှည်မှုကြောင့် ဒူးရင်းသီး မနှစ်ကထက်အသီးတင်နှုန်း နည်းပါးသော်လည်း ဈေးကောင်းရရှိနေကြော်ငး တောင်သူများထံမှ သိရသည်။

ကလိန်အောင်မြို့တွင် ရာသီပေါ်ယိုးဒယားမျိုး ဒူးရင်းသီးများ ဈေးကောင်းရရှိနေ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ယိုးဒယားမျိုး ဒူးရင်းသီးမှ ယခုအခါတွင် တခြားမြို့‌ကြီးများမှ လာရောက်ဝယ်ယူကြ၍ ဈေးကောင်းရရှိပြီး အဆင်ပြေကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး