တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၄-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၊ တိုးချဲ့လေယာဉ်ကွင်းဧရိယာအတွင်း၌ ၂၀၂၄-ခုနှစ်၊ မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့သည်။

ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်‌နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ပုလောမြို့အမှတ်(၃)ရပ်ကွက် သစ်တောဦးစီးဌာနရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်

ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာရှေးဦးစွာ ကျောင်းသား/သူများက စေတနာပန်းတို့လန်းရာမြေ သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။

သက်တမ်းရှည်ကြာ အရန်မီးသတ်စခန်းဆုရရှိသော မြိတ်မြို့ ထားဝယ်စုရပ်ကွက် အရန်မီးသတ်စခန်းအား ထပ်ဆင့်ဂုဏ်ပြုပွဲ ကျင်းပ

မီးသတ်ဦးစီးဌာန၏ သက်တမ်းရှည်ကြာ အရန်မီးသတ်စခန်းအဖြစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ထားဝယ်စုရပ်ကွက်ရှိ ထားဝယ်စုအရန်မီးသတ်စခန်းအား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့ရာ ဩဝါဒါစရိယနာယကဆရာတော်ကြီးများ၊ နာယကဆရာတော်များ၊ ဘာဏကဆရာတော်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။။

တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အသက်(၂၀) နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ စတင်ယှဉ်ပြိုင်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးမှု (TSDP) အစီအစဉ်အရ ၂၀၂၄ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမအတွင်း ပွဲဦးထွက်ပွဲစဉ်အဖြစ် အုပ်စု(က)မှ ချောင်းကြီးရပ်ကွက်အသင်းနှင့် အုပ်စု(ခ)မှ ဆင်ခြေဖုန်းအသင်းတို့က ယှဉ်ပြိုင်ကစားကြရာ ချောင်းကြီးရပ်ကွက်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲပထမ‌နေ့ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော နွေရာသီ ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ယမန်နေ့ နေ့လယ် (၁) နာရီတွင် ပထမနေ့အဖြစ် စတင်ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရင်းနှီးမြှပ်နှံမှုကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကလိန်အောင်မြို့၌ ကွမ်းသီးအကင်းအနုသီးများ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သည် စိုက်ပျိုး‌ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီးပင်သည် ဧပြီလအတွင်း၌ စတင်အပွင့်ပွင့်ပြီး အသီးကင်းနုများ စတင်ထွက်လေ့ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်းနှင့် ကြွေကျအသီးများအားလိုက်လံကောက်ယူပြီး ရောင်းဝယ်ခြင်းများရှိခဲ့သော်လည်း ယခုနှစ်များတွင် ကွမ်းသီးအကင်းအနုများ လိုက်လံဝယ်ယူမှုများရှိခဲ့ပြီး ဈေးကောင်းရရှိ၍ ကွမ်းသီးအသီးအနု ရောင်းချသူများပြားလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ (၁၃၈၆)ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ညောင်ရေသွန်းလှူဒါန်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ (၁၃၈၆)ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ညောင်ရေသွန်းလှူဒါန်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး