စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် ကြာဖက်များ အခမဲ့ဖြန့်ဝေဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်း သက်သာစေရေး ပလတ်စတစ် သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက် ကြာဖက်အင်ဖက်နှင့်စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဆောင်ရွက်လျက်ရှီရာယနေ့ ယနေ့နံနက် (၈) နာရီ ၁၅ အချိန်က ဆောင်ရွက်ခဲ့သည်။