ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားပွဲတင်တင်းနစ် အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီက စားပွဲတင်တင်းနစ်အခြေခံသင်တန်းဖွင့်ပွဲကျင်းပသည်။

လူထုအခြေပြုဗဟိုဌာနကော့မှူး၌ “ခယောင်းလမ်းမှပန်းလွင်ပြင်ဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနတွင် စာကြည့်တိုက်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ငှားရမ်းခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များငှားရမ်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်တွင် စာပေဝါသနာရှင်များနှင့် Club အဖွဲ့ဝင်များစာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေဝါသနာရှင်များ၊ Club အဖွဲ့ဝင်များနှင့် စာရေးဆရာကြီး ရန်ကုန်ဘဆွေ၏ မြန်မာပြည်သား စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

မန္တလေးမြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေ ပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီ အခြေခံချည်ထိုးနည်း (အခမဲ့) သင်တန်းဖွင့်လှစ်

နွေရာသီအားလပ်ရက် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူတတ်မြောက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ အခြေခံချည်ထိုးနည်း(အခမဲ့) သင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပန်းချီပညာရှင်များအသင်းတို့ ပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက် ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ