ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က အိမ်သုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။