ကလောမြို့ သောက်သုံးရေရရှိနိုင်ရေးအတွက် စိမ့်စမ်းရေထွက်များသို့ ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ပေါ်ရပ်ကွက်များ သောက်သုံးရေရရှိနိုင်ရေးအတွက် စိမ့်စမ်းရေထွက်များသို့ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရေလုပ်ငန်းကျွမ်းကျင်သူများက စိမ့်စမ်းရေထွက် ရှိသည့် ရေထွက်များအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။