ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေးယာဥ်ရပ်နားစခန်း သန့်ရှင်းသာယာလှပရေး၊ ယာဥ်များစနစ်တကျရပ်နားနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး ရေနှုတ်မြောင်းများအတွင်း အမှိုက်များဆယ်ယူရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာ အဝေးပြေးယာဥ်ရပ်နားစခန်းအား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်နေစေရေး၊ ယာဥ်များစနစ်တကျရပ်နားနိုင်ရေး ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ဝင်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ယာဥ်ရပ်နားစခန်း တာဝန်ခံတို့နှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါယာဥ်ရပ်နားစခန်း အုပ်ချုပ်ရေးရုံးခန်း၌ တွေ့ဆုံပြီး ယာဥ်ရပ်နားစခန်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။