အမြို့မြို့အနယ်နယ်သတင်းများ

မြဝတီမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘုရင့်နောင်စျေးရှိ စျေးသူ/စျေးသားများတွေ့ဆုံ

ကရင်ပြည်နယ် မြဝတီမြို့သန့်ရှင်းသာယာလှပစေရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖတို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၉ ရက် နံနက် ၁၁ နာရီက အမှတ်(၄)ရပ်ကွက်ရှိ ဘုရင့်နောင်စျေးပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရင့်နောင်စျေးသူ/စျေးသားများတွေ့ဆုံပွဲကို ကျင်းပသည်။

သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃)အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို မေ ၉ ရက် နံနက် ၈ နာရီက အိုင်ဒွန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၉၀၀) ပေါက်ချောင်းကျေးရွာတောင်သူ ဦးထွန်းထွန်းနိုင်နှင့် ဦးဟန်လင်းမြတ်တို့၏ နွေစပါးစိုက်ခင်းများတွင် ပြုလုပ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ပထမရက်(၁၀၀)စီမံချက်ကာလအတွင်း တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံ 

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ သည် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်အတူ မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ပထမရက်(၁၀၀)စီမံချက်ကာလဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မေ(၇)ရက် နေ့လည်ပိုင်းက သွားရောက်ကွင်းဆင်း စစ်ဆေးသည်။

ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာတွင် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

‌တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြေတိုင်းတာခြင်းလုပ်ငန်းကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို မေ ၉ ရက်နေ့ နံနက်က ကျေးရွာရှိ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကမာဖရုံကျေးရွာ၊ သောဘိတရာမကျောင်းကြီးကျောင်းတိုက်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို One Stop Service နေ့ချင်းပြီး  ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက ယနေ့ နံနက် ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေး ကြောင်းသိရသည်။

ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေသတွင်းငါးသယံဇာတတိုးပွားရေး၊ ငါးသားဖောက် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ငါးဦးစီးဌာနနှင့် ငါးကန်များအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှု ဖူလုံလာစေရေး ငါးသယံဇာတတိုးပွားရေးအတွက် ငါးသားဖောက် ဖြန့်ဖြူးရေးလုပ်ငန်းများ ပိုမိုတိုးမြင့်မားအောင် ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် မေလ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲက မြစ်ကြီးနားမြို့၌ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ပုဂ္ဂလိကပိုင်ငါးကန်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း  နေပြည်‌တော်အတွင်း သန့်ရှင်းသာယာလှပစေရေး  စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင်  မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပါင်း၍ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းမြို့ပေါ်ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း၌ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ပဲခူးမြို့၌ နွေရာသီ (၃၈)ဖြာမင်္ဂလာနှင့် မဟာဗုဒ္ဓဝင်ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏လမ်းညွှန်မှုနှင့်အညီ ပဲခူးတိုင်းဒေသကြီး(YMBA)အသင်းမှဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ကျောက်ကြီးစုရပ်ကွက်ဓမ္မာရုံ၌ နွေရာသီ(၃၈)ဖြာမင်္ဂလာနှင့် မဟာဗုဒ္ဓဝင်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းတက္ကသိုလ်၌ သင်ကြားရေးဆရာ/ ဆရာမများနှင့် တွေ့ဆုံ၊ မိုးညှင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းအား ကြည့်ရှုအားပေး 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက် ၁၀၀ ကာလအတွင်း ဌာနအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဒေသခံများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၈ ရက် နံနက်ပိုင်းကလည်း မိုးညှင်းမြို့နယ်အတွင်း အခြေခံပညာ၊ အဆင့်မြင့်ပညာမှ သင်ကြားရေးဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ