ပန်းတနော်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၃)ခုဖြင့် ကျင်းပသွားမည်
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ကျောင်းသား/သူ (၃၈၆၀) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန(၁၃)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။