ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ကျင်းပမည့် တက္ကသိုလ်စာမေးပွဲတွင် ဖြေဆိုရန်လျှောက်ထားသူဦးရေ ၃၆၈၈ ဦးရှိပြီး ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် ၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း သိရပြီး ဖြေဆိုရန်လျှောက်ထားသည့် ကျောင်းသားကျောင်းသူများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာစာစစ်ဌာန ကျောင်းများတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။