လွိုင်ကော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ သတ်မှတ်စီစစ် ရွေးချယ်နိုင်ရေး ညှိနှိုင်း အစည်းဝေး
လွိုင်ကော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်များ ထောက်ပံ့နိုင်ရန် သတ်မှတ် စီစစ်ရွေးချယ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။