၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်ဆောင်ရွက်မည့် လုပ်ငန်းများတွင် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများနှင့် မိတ်ဆက်ရှင်းလင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း များအား တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် မိတ်ဆက် ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။