နယ်ရုံးများ၏သတင်းများ

Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန၌ ယ​မန်နေ့​နံနက် (၁၁) နာရီအချိန်က စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် ခေါင်းဆောင်မှုအတွေး၏အရေးပါမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “စာကောင်းပေကောင်းရဲ့ အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Feb 22,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကျောင်းသားကျောင်းသူများ ကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ညနေ ၃ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
Feb 22,2024
ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များတိုးပွားလာစေရန်၊ အဖွဲ့အစည်း အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးနိုင်သည့် လူငယ်များဖြစ်ပေါ်လာစေရန်နှင့် စာပေဝါသနာရှင်များ အချင်းချင်းရင်းနှီး ချစ်ခင်မှုများရရှိစေရန်အတွက် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏လူငယ်နှင့်ပညာဆိုင်ရာစာစုဖြစ်သည့် “အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ (၂၁) ရက် ညနေ (၄) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
Feb 21,2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဦးစီးအရာရှိ ဦးစန်းဝင်း ဦးဆောင်၍ မြို့နယ်ရုံးဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် အခြေခံငွေစာရင်းရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ ဖွင့်လှစ်ပို့ချလျက်ရှိသည်။
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​​ခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာ​ရေးဆရာဦးခိုင်ချစ်​အောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်အ​နောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​မေသန္တာက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ “ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် မြန်မာကဗျာစာတမ်း’’ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club နှင့် Women Club များဖြင့်စာရေးဆရာ တက္ကသိုလ်စိန်မြင့်ထွန်းရေးသားသည့် “မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သင်ခန်းစာလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။