နယ်ရုံးများ၏သတင်းများ

Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အမိန့် ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေးအစီအမံများ ရှင်းလင်းဆွေးနွေးပွဲကို ခရိုင်/မြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 18,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်ကျောက်ထရံအုပ်စု ထန်းပင်ကွက်ကျေးရွာတွင်ယခုလ ၁၆ရက်နေ့ကဖြစ် ပွားခဲ့သောမိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ၍ ပြိုကျပျက်စီးသောနေအိမ် အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်ယမန်နေ့ နေ့လည်ပိုင်းက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများသွားရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Aug 18,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နေ့လယ် (၂:၀၀)နာရီအချိန်ကမဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကိုကျင်းပပြုလုပ် ခဲ့သည်။
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများရှိ ဈေးသည်များ နှာခေါင်းစည်း တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ဆေးခဲ့ သည်။
Aug 18,2020
ပြည်သူများအသိပညာဗဟုသုတ တိုးပွါးလာစေရန်နှင့် အားလပ်သောအချိန်များ၌ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများသည် ယနေ့နံနက် ( ၉)နာရီခွဲ အချိန်က ဌာနဆိုင်ရာရုံးများသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။