နယ်ရုံးများ၏သတင်းများ

Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ(၆)နာရီ အချိန်က (၁၆)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က (၃၅)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၅၁)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
Aug 19,2020
၂၀၂၀-ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက်ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့  လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး  ဒေါ်မိုးမိုးစုကြည်နှင့်  အဖွဲ့ဝင်များသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်းရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေ လာကောင်းမွန်စေရန်နှင့် ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်းနှင့်မြောင်းဖုံး ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 19,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ပတိုငံကျေးရွာတွင် လူမှုအားမာန်အဖွဲ့(Inclusive Self Help Group) ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါကျေးရွာရှိ ခန်းမဆောင်၌ ဆောင်ရွက်ခဲ့သည်။